ရွှေကျင်မြို့နယ် ခြေတော်ရာကျေးရွာ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ School Cam Shelter ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကျင်းပ

ရွှေကျင် အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ရွှေကျင်မြို့နယ်တွင် မြို့သူမြို့သားများ သဘာဝဘေးများကျရောက်ပါက အေးချမ်းစွာခိုလှုံနိုင်စေရန်အတွက် School Cam Shelter  RCC(၁)ထပ်(၁)လုံး ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် ခြေတော်ရာကျေးရွာရှိ School Cam Shelter ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပကြောင်းသိရသည်။

School Cam Shelter RCC (၁)ထပ်(၁)လုံး ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြပြီး ပန္နက်တင်မင်္ဂလာအချိန်တွင် အောင်ဂါထာရွတ်ဆို၍ သက်ဆိုင်ရာတာဝန်ရှိသူများက ပန္နက်ရိုက်ကာ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ကြသည်။

အဆိုပါ School Cam Shelter RCC(၁)ထပ်အဆောက်အဦအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးကြပ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် ULTRA ကုမ္ပဏီမှတာဝန်ယူကာ အလျား(၁၃၀)ပေ၊ အနံ(၃၀)ပေ၊ School Cam Structure RCC (၁)ထပ် (၁)ဆောင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်