မြဝတီ အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဖားချောင်းကျေးရွာ၊ စိန်ရောင်ခြည်ဓမ္မာရုံတွင် ယနေ့နံနက် ၈ နာရီကဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့တို့ သည်စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မြဝတီမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသောအခြေအနေမှန်များ၊ဖွံ့ ဖြိုးရေးလုပ်ငန်းများ၊ ရပ်/ရွာနယ်မြေဒေသလုံခြုံရေး၊အေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ် များကို ဦးစွာရှင်းလင်းပြောကြားပေးပြီး သက်ဆိုင်ရာဌာန အလိုက်တာဝန်ရှိသူများက နယ်မြေအေးချမ်းသာယာရေးနှင့် စပ်လျဥ်း၍ ဆောင် ရွက်နေသည့်လုပ်ငန်းစဥ်များ၊ နယ်မြေလုံခြုံရေးနှင့် မူခင်းကျဆင်းရေးကိစ္စရပ်များ၊ နိုင်ငံတော်မှချမှတ်ထားသည့် ဦးတည်ချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ကိုဗစ်ကာကွယ် ဆေးထိုးနှံခြင်း၊ ဆေးကုသပေးခြင်း၊ မွေးတိုးကိစ္စရပ်များနှင့်မှတ်ပုံတင်ကိစ္စရပ်များ ဆောင်ရွက်ပေးခြင်း၊ တိရိစ္ဆာန်များ ဆေးကုသခြင်းနှင့် ကာကွယ်ဆေးထိုးခြင်း၊ စိုက်ပျိုးရေးအတွက် အထွက်တိုးရေးပညာပေးခြင်း၊ မီးဘေး နှင့်လျှပ်စစ်ဘေးအန္တာရာယ်ကင်းဝေးရေးအသိ ပညာပေးခြင်းစသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ချက်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်းပြောကြားပေးသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မိဘပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)