ပြင်စလူမြို့ ကညှင်ကိုင်းကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်များ ကွင်းဆင်းဆောင်ရွက်

ပြင်စလူ အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ကညှင်ကိုင်းကျေးရွာအုပ်၊ ကညှင်ကိုင်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံတွင် ပြင်စလူမို့ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းက မိတ်ဆက်‌စကားပြောကြားခဲ့ပြီး လပွတ္တာမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက အဖွင့် အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ၏ လူမှုရေးလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများ၊ ပညာရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်း (Booster) ကာကွယ်ဆေးကို မိဘပြည်သူများအနေဖြင့် အကြိမ်ပြည့် ထိုးနှံကြရန် ပြောကြားခဲ့သည်။

 

ထို့နောက်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးမိုးနိုင်က လယ်‌ယာမြေနှင့်ပတ်သတ်သော အကြောင်းအရာများကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးကျော်စိုးမိုးက နေကြာ စိုက်ပျိုး ခြင်းနှင့် ပတ်သတ်သော အကြောင်းအရာများကိုလည်းကောင်း၊ မြို့မီးသတ်ဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးလှိုင်ဇော်ဖြိုးက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ကြိုတင်ပြင်ရမည့်အချက်များကိုလည်းကောင်း ရှင်း လင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူများမှ မိမိတို့သိရှိလိုသော အကြောင်းအရာ များကို အသီးသီးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး  ဆွေးနွေးပွဲသို့တက်ရောက်သူ များကို Mask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ပြင်စလူ (ပြန်/ဆက်)