ဒေးဒရဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယနေ့နံနက် (၁၀) နာရီက လေးအိမ်တန်း ကျေးရွာအုပ်စု၊ ကွန်ဒိုင်းကျေးရွာ၊ သဒ္ဓမ္မသုခဘုန်းတော် ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျေးရွာအုပ်ချုပ် ရေးအဖွဲ့များ အနေဖြင့် ကျေးရွာနေ ပြည်သူများ၏ အခွင့်အရေးများ ဆုံးရှုံးနစ်နာမှု မရှိစေရေး အတွက် အလေးထား ဆောင်ရွက်သွားရန်၊ ပြည်သူများအနေဖြင့် ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် လူမှုရေးအကျိုးပြု လုပ်ငန်းများကို အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှု များ၊ ပန်းခင်းစီမံချက် (၂) ဖြင့် အိမ်ထောင်စု ဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ်နေမှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးက တရားဥပဒေ စိုးမိုးရေး၊ နယ်မြေလုံခြုံရေးကိစ္စရပ်များနှင့် ပြည်သူများ အနေဖြင့် ကောလာဟာလ သတင်းအမှားများကို မယုံကြည်ကြဘဲ သတင်းအမှန်များကို လေ့လာဖတ်ရှုကြရန် ဆွေးနွေးဟောပြောခြင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ အခြေခံပညာ ကျောင်းများတွင် ဆရာ၊ ဆရာမများ၊ စာသင်ဆောင် လိုအပ်ချက်များ၊ စိုက်ပျိုးရေး နည်းလမ်း ကောင်းများ၊ နွေစပါး ရေလုံလောက်စွာရရှိရေး၊ သွင်းအားစုလုပ်ငန်းများ စျေးနှုန်းချိုသာစွာ ရရှိနိုင်ရေးနှင့် လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးခြင်း၊ ဒေသတွင်းငါးရိက္ခာဖူလုံ စေရေးအတွက် မွေးမြူရေး လုပ်ငန်းနှင့် ရေချိုသယံဇာတများ ပျက်ဆီးဆုံးရှုံးမှု မရှိစေရေး ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်သွား ကြရန် ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများကို သက်ဆိုင်ရာဌာန အလိုက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း