ဖျာပုံ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း အဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁)နာရီအချိန်က ဖျာပုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်း ဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူး ငွေမင်းထိုက်နှင့် မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးတို့က အမှာစကားပြောကြားကြပြီး မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ထို့နောက် မြစိမ်းရောင် စီမံကိန်းလက်စွဲစာအုပ်နှင့် ကျေးလက် ဥပဒေစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လုပ်ငန်းအဖွဲ့ဝင်များထံပေးအပ်ပြီး တက်ရောက် လာကြသော ကျေးရွာမြစိမ်းရောင်လုပ်ငန်း အဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများအား တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးခြင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အတည်ပြုခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)