ကြံခင်းမြို့နယ် ရွာသစ်ရပ်ကွက်အတွင်းရှိရဟန်း၊ သံဃာ၊ ပြည်သူ(၅၉)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တတိယအကြိမ် (Booster Dose)ထိုးနှံပေး

ကြံခင်း  အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊  ကြံခင်းမြို့နယ်ရွာသစ်ရပ်ကွက်အတွင်းရှိ အသက်(၁၈) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် (Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ရွှေပြည်အေး (၁၁)ထပ်ဘုရားကြီးဆေးထိုးစုရပ်တွင်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ စိစစ်ကြီးကြပ်ရေးအဖွဲ့နှင့်  သက်ဆိုင်ရာ ကျန်းမာရေးနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများပူးပေါင်းပြီး  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး ၊ ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ထိုးနှံမှု လွှမ်းခြုံစေရန်အတွက်  ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေး လမ်းညွှန်ချက်နှင့်အညီ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(၂)ကြိမ်ထိုး နှံပြီး(၆)လပြည့်ပြီးသော  ပြည်သူ(၅၉)ဦးအား တတိယအကြိမ် (Booster Dose)ထိုးနှံပေးရာ (Sinovac)ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးစုရပ်တွင် ကာကွယ်ဆေးလာရောက် ထိုးနှံကြသောအသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအားကာကွယ် ဆေးထိုးပြီးပါက ဓာတ်မတည့်ခြင်း၊  ဘေးထွက်ဆိုးကျိုး လက္ခဏာများဖြစ်ပေါ်လျှင် ချက်ချင်းကုသပေးနိုင်ရေးအတွက် ကြည့်ရှု စောင့်ကြပ် ဆောင်ရွက်ပေးကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)