လေးမျက်နှာ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နေသည့် မိုးကုတ်ကျေးရွာအုပ်စု စိန်တောင်ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း၌ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ(လက်ထောက်ညွှန်ကြားရေးမှူး)နှင့်အဖွဲ့မှ ကျေးရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှထောက်ပံ့ငွေကျပ်(၁၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေကျပ်(၃၀)သိန်း စုစုပေါင်းကျပ် (၁၃၀)သိန်းဖြင့် စက်တင်ဘာလ၂၇ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၅၇၅ပေ၊ လမ်းအကျယ်၁၀ပေ၊ ထု၇လက်မ ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်း အားလုံး၏ ၈၀ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကာ လယ်ယာထွက်ကုန်များစျေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)