ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ အသက်(၇၀)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား အခြေခံစားသောက်ကုန်များလှူဒါန်း

ကြံခင်း အောက်တိုဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ အသက်(၇၀)နှစ်နှင့် အထက် အဘိုးအဘွားများကို အခြေခံစားသောက်ကုန်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းက ရွာသစ်ရပ်ကွက် မဟာဘောဂလမ်းမေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့ဝင် ခြံဝန်းအတွင်း လှူဒါန်းကြောင်း သိရသည်။

အဆိုပါ လှူဒါန်းမှုအား မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့ဝင်တစ်ဦးက "ယခုကာလအတွင်း ကုန်ဈေးနှုန်းတတ်ချိန် တွင် ကြံခင်းမြို့ပေါ်ရပ်ကွက်မှ သက်ကြီးဘိုးဘွား(၅၈)ဦးအား စားဝတ်နေ ရေး အဆင်ပြေစေရန် ဆန်၊ ကြက်ဥ၊ ကြက်သွန်နီ၊ ဆားအစရှိသော အခြေခံစားသောက်ကုန် ပစ္စည်းများအား ထောက်ပံ့လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် အသက်(၇၀)နှစ်အထက် ဘိုး/ဘွား တစ်ဦးကို ဆန်တစ်ပြည်(၃)လုံး၊ ဆား၊ ကြက်သွန်နီ၊ ကြက်ဥများလှူဒါန်း ပေးခဲ့ကြောင်း” သိရသည်။

ထိုသို့လှူဒါန်းရာတွင် မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့ဝင်များက (၇၀)နှစ်အထက် ဘိုး/ဘွား (၅၈)ဦးအား ဆန်(၃)အိတ်၊ ဆား (၂၆ ပိသာ ၅၀ သား) နှင့် ကြက်သွန်နီ (၉ ပိသာ ၅၀ သား)နှင့် ကြက်ဥ(၁၅၉)လုံး စုစုပေါင်း ငွေကျပ်(၂၄၆၀၀၀)ဖိုး လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)