အမာမြို့၊ ဖိုးဦးဇံကျေးရွာ၌ မြို့အဆင့်ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့က ရပ်ရွာ အေးချမ်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမာ     အောက်တိုဘာ     ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ တယ်ပင်ဆိပ်ကျေးရွာအုပ်စု၊ ဖိုးဦးဇံကျေးရွာ၌ ယနေ့နံနက် (၁၀) နာရီက မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅) ကြောင်းမှ ဒေသခံပြည်သူများနှင့် ကွင်းဆင်းတွေ့ဆုံ၍ ဒေသလိုအပ်ချက်များကိုဆွေးနွေးဆောင်ရွက်ခဲ့‌ကြောင်းသိရသည်။

အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၏ ဦးဆောင်မှုဖြင့် မြို့အဆင့်ဌာန ဆိုင်ရာအဖွဲ့များပါဝင်သော  စစ်ကြောင်းကြီး (၅)ကြောင်းနှင့်  ဒေသခံပြည်သူများ တွေ့ဆုံ၍ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးဆိုင်ရာကိစ္စရပ်များနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ဌာနအလိုက်ဆွေးနွေးခဲ့ကြပြီး  ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကျေးလက်ကျန်းမာရေးဌာနမှ ဆရာမများက ဒေသခံပြည်သူများကိုကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြပြီးနောက်  မြို့အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဖိုးဦးဇံကျေးရွာ၊ ဓမ္မပါလကျောင်းတိုက် ဆရာတော်ဥူးအာသောက အားသွားရောက်ဖူးမြော်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)