ကျောက်တံခါး အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ First dose၊ Second Dose နှင့် Booster ထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ် ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
ထို့အတူ မြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများဖြစ်သည့် ကျောက်တံခါးစျေးတွင် အပတ်စဉ် တနင်္လာနေ့တွင်လည်းကောင်း၊ ပဲနွယ်ကုန်းစျေးတွင် အပတ်စဉ်အင်္ဂါနေ့တွက်လည်းကောင်း၊ ဖဒိုစျေးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တွင်လည်းကောင်း၊ တောကျွဲအင်းစျေးတွင် အပတ်စဉ် ကြာသာပတေးနေ့နှင့် မြို့ချောင်းစျေးတွင် သောကြာနေ့တို့တွင်လည်းကောင်း သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တံခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို First dose ၊ Second Dose နှင့် Booster တို့အား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးထိုးနှံရာသို့ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာ ဆေးထိုးနှံနိုင်ရန် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)