ခန္တီး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒသကြီး၊ ခန္တီးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်မှုအနေဖြင့် Mask Campaign ကို ယမန်နေ့နံနက်(၇)နာရီအချိန်က စည်ပင်သာယာရေးဈေးရှေ့ လမ်းဆုံတွင်ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ကိုခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဦးဆောင်၍ ကျန်းမာရေးဌာနနှင့် သက်ဆိုင်ဌာနဆိုင်ရာများ ပူးပေါင်းကာ ဈေးအတွင်းဈေးရောင်း ဈေးဝယ်ပြည်သူများနှင့် ဈေးရှေ့လမ်းဆုံရှိ လမ်းသွားလမ်းလာ ပြည်သူများအား Mask များအခမဲ့ ဖြန့်ဝေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)