ဒေးဒရဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းက မြို့နယ်အတွင်းရှိ ပြည်သူများစားနပ်ရိက္ခာဖူလုံစေရေးနှင့် စားသောက်ရေးအဆင်ပြေစေရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ဧည့်မထဆန်များကို စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနေမှုကို ယနေ့နံနက် (၇)နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေးဒရဲမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများက ပြည်သူများအလွယ်တကူနှင့် စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဧည့်မထဆန်များကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် လူ(၁)ဦးလျှင် (၁)ပြည်၊ (၁၀၀၀)ကျပ်နှုန်းဖြင့်ရောင်းချပေးခြင်းကို နေ့စဉ်နံနက် (၈)နာရီမှ နေ့လယ် (၁၂)နာရီအထိ အမှတ်(၂)ရပ်ကွက် ကမ်းနားလမ်းရှိ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း