သဲကုန်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်၏ အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေး အကြံပေးအဖွဲ့များညှိနှိုင်းအစည်းဝေးကို ယနေနံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်) အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးမှ သဲကုန်းမြို့နယ်ဘဏ်ခွဲ၏ အချိန်စေ့လွန်ကြွေကျန်များနှင့် JICA (Two Step Loan) အချိန်စေ့လွန်ကြွေးကျန်များ ပြေကျေရေးပတ်သတ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စည်မျဉ်းစည်းကမ်းအကြောင်းပြောကြား၍ လက်ထောက်အထွေထွေမန်နေဂျာ ဦးခင်မောင်စိုးမှ အချိန်စေ့လွန်ချေးငွေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ချေးငွေနှင့်ပက်သက်၍ ပေါင်းစပ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော မြိုနယ်ချေးငွေအကြံပေးအဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)