ဒေးဒရဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က သက်ကြီးရွယ်အိုများ၏ ဘဝသာယာစိုပြည်စေရေး၊ လုံခြုံသော လူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးနိုင်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ(၃) နာရီက အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့နယ် အမှတ်(၃)ရပ်ကွက်ရှိ အသက်(၁၀၂)နှစ် အဘိုး ဦးအောင်ရင်အား ထောက်ပံငွေများ လက်ဝယ်အရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံငွေအား ပေးအပ်ခြင်းကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်လူမှူဝန်ထမ်း ဦးစီးဌာနမှူး ဒေါ်နီနီမြင့်နှင့် လူမှုရေးအဖွဲ့အစည်းများရှိ တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ထောက်ပံ့လှူဒါန်းသည့် အလှူတော်ငွေတစ်သိန်းနှင့် ဂါရဝပြုလက်ဆောင်ပစ္စည်းများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ရာ အဘိုး ဦးအောင်ရင်မှ ဆုတောင်းမေတ္တာစကားပြောကြားခဲ့ကြောင်း သိရသည်။
အေဇာလင်း