တောင်ငူ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး တောင်ငူပညာရေးဒီဂရီကောလိပ်၌ ယမန်နေ့က ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပကြောင်း သိရသည်။
အခမ်းအနား၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့သဝဏ်လွှာအား တောင်ငူပညာရေးဒီဂရီကောလိပ် ဒုတိယကျောင်းအုပ်ကြီးကဖတ်ကြားပြီး ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံမှပေးပို့သည့် ကမ္ဘာ့ဆရာများနေ့ ပူးတွဲညွှန်ကြားချက်အား ပါမောက္ခ ဒေါ်ခင်သီတာရွှေက ဖတ်ကြားသည်။
အဆိုပါ အခမ်းအနားသို့ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ပါမောက္ခများ၊ ကျောင်းသား ကျောင်းသူများတက်ရောက်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)