မြောင်းမြ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရှိရပ်ကွက်များနှင့် ကျေးရွာများတွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster dose) ထိုးနှံပေးရာတွင် မြို့ပေါ်ရှိ အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နေ့စဉ် လူဦးရေ (၂၀၀)နှင့် (၃၀၀) ကြား ပုံမှန်ထိုးပေးလျက်ရှိပြီး၊ အစုကြီး၊ ကံကြီး၊ ရှမ်းရေကျော် ကညင်ဂဲ၊ ရေကျော်၊ စက်ကုန်း၊ ဂါတ်စု၊ စကမြား အစရှိသည့်ကျေးရွာများတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများ အရောက် ကွင်းဆင်းသွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီအသင်း၊ ပရဟိတအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး၊ Mask Campaign ပြုလုပ်၍ Mask များကို အခမဲ့ဖြန့်ဝေ၍ အသိပညာပေးပြောကြားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြောင်းမြခရိုင် ပြန်ဆက်