နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပုံပြော၊ ကဗျာ၊ သီချင်းဆို ပြိုင်ပွဲကျင်းပ

နတ်မောက် အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနင့် မူလတန်း ကြိုကျောင်းတို့ ပူးပေါင်း၍ ပုံပြော၊ ကဗျာ၊ သီချင်းဆိုပြိုင်ပွဲကို ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က လူထုအခြေပြု ဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပြိုင်ပွဲဝင် သားငယ်သမီးငယ်များအား ဉာဏ်ရည် ထက်မြက်စေရေန်၊ ပူးပေါင်းပါဝင် တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်း ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။ ဆက်လက်၍ မူလတန်း ကြိုကျောင်းမှ သားငယ်သမီးငယ်လေးများက “ဆင်ကလေး ဖြူဖွေးပုံပြင်ဖြင့် လည်းကောင်း၊ ကိုယ်စီ စွမ်းအားကဗျာ ဖြင့်လည်းကောင်း၊ မနှင်းဆီ သီချင်းဖြင့် လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။

မူမူစန်း