ရေဖြူ အောက်တိုဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4 နှင့် BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီးသူများအား ယနေ့နံနက် (၉) နာရီတွင် ရေဖြူမြို့ (က) ရက်ကွက်ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး ကွင်းဆင်းကာထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများဆောင်ရွက်ပြီး ကျန်းမာရေး ကောင်းမွန်သူများအား ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို ရေဖြူမြို့နယ်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခတ္တာ