မော်လမြိုင်ကျွန်းမြို့နယ် နေပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

မော်လမြိုင်ကျွန်း အောက်တိုဘာ ၆     

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင် မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ မြို့နယ်နေ ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က မြို့တွင်း လမ်းတစ်လျှောက် လူစည်ကား ရာနေရာများ၌ Mask Campaign ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်ဝေလင်းနှင့် ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကူးစက်မြန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် မြို့တွင်းလမ်း တစ်လျှောက် လူစည်ကားရာနေရာများဖြစ်သော အမှတ်(၅) ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် ဗိုလ်ချုပ်ဈေး အတွင်း၊ ချမ်းမြေ့ဈေး၊ ယမုံနာလမ်းဆုံနှင့် ကူးတို့ဆိပ်ကမ်းတို့တွင် မြို့တွင်းသို့သွားလာလှုပ်ရှားလျက်ရှိသည့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask (၂၀၀၀)အား အခမဲ့ဖြန့်ဝေခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအား သိရှိလိုက်နာနိုင်စေရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)