သာပေါင်းမြို့နယ် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အသိပေး "ရပ်၊ ကြည့်၊ သွား" မြေစိုက်ဆိုင်းဘုတ် စိုက်ထူ

သာပေါင်း အောက်တိုဘာ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူများ ယာဉ်အန္တရာယ်ကင်း‌ဝေးစေရေးအသိပေး "ရပ်၊ ကြည့်၊ သွား" မြေစိုက်ဆိုင်းဘုတ်စိုက်ထူခြင်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်ကစတင် ဆောင်ရွက် ကြသည်။

ထိုသို့ ပြည်သူများ ယာဉ်အန္တရာယ်ကင်း‌ဝေးစေရေး အသိပေး "ရပ်၊ ကြည့်၊ သွား" မြေစိုက် ဆိုင်းဘုတ်စိုက်ထူ ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်၊ တာဝန်ခံအင်ဂျင်နီယာ ဦးထွန်းဇော်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းမ ပြည်သူများ မြင်သာထင်သာ‌ ဆုံမှတ်နေရာ(၆)‌ခုတို့တွင် အသိသတိပေး မြေစိုက်ဘုတ်များ စိုက်ထူပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်