မြောင်းမြ အောက်တိုဘာ ၆
၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသောအားဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၁နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အ.မ.က(မူလွန်) ဘုရာချောင်း(ရပ်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အုန်းကြိုင်က ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံ၊ ကမ္ဘာ့ဆရာများနေ့ စတင်ကျင်းပသည့်ခုနှစ်၊ ကမ္ဘာ့ဆရာ များနေ့၏၂၀၂၂ခု နှစ် ဆောင်ပုဒ်၊ တပည့်တွေကို လိမ္မာယဉ်ကျေးအောင် စည်းရုံးဆုံးမခဲ့ ပုံများအကြောင်းကို အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ကြသည်။
မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနအနေဖြင့် အသိပညာပေး(Talk Show)အပါအဝင် ပြည်သူများနှင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေမည့် ကဗျာရွတ်၊ ပုံပြော၊ စာအုပ်မိတ်ဆက်နှင့် အခြားအသိပညာပေး အစီအစဉ်များကိုလည်း ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။
မြောင်းမြခရိုင်(ပြန်/ဆက်)