ဘိုကလေး အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၅)ရပ်ကွက် နေထိုင်သည့် ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံး အဖွားဖြစ်သူ အသက်(၁၀၂)အရွယ်ရှိ အဖွား ဒေါ်အေးကျင်အား ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်ဖြစ် ယမန်နေ့နေ့လယ် (၃)နာရီခန့်တွင် ထောက်ပံ့ငွေ(၁)သိန်းကျပ် ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးအပ်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ၊ ဦးကံဝင်း၊ မြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသက်(၁၀၂)နှစ်အရွယ်ရှိ အဖွားဒေါ်အေးကျင်၏ နေအိမ်အရောက် သွားကာ ထောက်ပံ့ငွေအား ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ဖျာပုံခရိုင်အတွင်းမှ အသက်အကြီးဆုံး အဘိုးဖြစ်သူ ဒေးဒရဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သည့် အသက်(၁၀၂)နှစ် အရွယ်အဘိုး ဦးအောင်ရင်ကိုလည်း ထောက်ပံ့ငွေလှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)