သာယာဝတီ အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲပိုင်းက ရှောင်တစ်ခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ယင်းသို့ ရှောင်တစ်ခင် ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးဉာဏ၊ မြို့နယ်မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာဆိုင်ရာများပူးပေါင်းအဖြင့် စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီများရောင်းချမှုရပ်တန့်မှုမရှိစေရေး၊ အကန့်အသတ်ဖြင့် ရောင်းချမှုမရှိစေရေး၊ သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး၊ ဈေးနှုန်းများမြှင့်တင်ရောင်းချပါက အပြစ်ပေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆီချိန်တွယ်မှုမှန်ကန်စေရေး၊ ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်းရောင်းချခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)