လေးမျက်နှာ အောက်တိုဘာ 6
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း ကြီး(၅)ကြောင်းကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ယမန်နေ့နံနက်(၈)နာရီအချိန်က ဝတ်ကုန်းကျေးရွာဘုန်းတော်ကြီး ကျောင်းနှင့် ပိန်းအင်းကျေးရွာဘုန်းတော်ကြီးကျောင်းတို့တွင် ဒေသခံပြည်သူများဖြင့်တွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံရာတွင် အဖွဲ့(၁)၌ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဝတ်ကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကိုလည်ကောင်း စစ်ကြောင်းကြီး ၅ ကြောင်း လာရောက်တွေ့ဆုံရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန်နှင့် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းကြရန်၊ နယ်မြေလုံခြုံရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီ သတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
အလားတူ အဖွဲ့(၂)၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပိန်းအင်းကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ လမ်းတံတားနှင့်ပတ်သက်ပြီး ဒေသနေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးရေးလုပ်ငန်းများအတွက် တင်ပြချက်၊ လိုအပ်ချက်များကို လည်းကောင်း စစ်ကြောင်းကြီး ၅ ကြောင်း လာရောက်တွေ့ဆုံရခြင်း ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး ရပ်ရွာလုံခြုံရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာကြရန်နှင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာ သို့ အချိန်မီသတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား မြို့နယ်ကျန်းမာရေးဦးစီးမှတာဝန်ရှိ သူများက ဆေးကုသပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster Dose)ထိုးနှံရန် ကျန်ရှိနေသော ကျေးရွာနေပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အ.လ.က(ခွဲ)ဂွေးချိူ အခြေခံပညာ အလယ်တန်းကျောင်း၊ အ.မ.က-ဝတ်ကုန်း(မြောက်) အခြေခံပညာမူလတန်း ကျောင်းတို့တွင် စာသင်ကြားနေမှုများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဒေသအတွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်း သာယာရေး ကျေးရွာနေ ပြည်သူများ၏လိုအပ်ချက်များအားပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ပြီး မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲပြုလုပ်ရန် ကျန်ရှိသော ကျေးရွာ အုပ်စုများသို့ ကျန်ရက်များတွင် ဆက်လက်ကွင်းဆင်းဆောင်ရွက်သွား မည်ဖြစ် ကြောင်းသိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)