ကျောင်းကုန်း အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံး မြတ်ပညာခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ၂၀၂၂ ခုနှစ် အောက်တိုဘာလ (၅)ရက် ကမ္ဘာ့ဆရာများနေ့ကို ယူနက်စကိုမှပေးပို့သော သဝဏ်လွှာအား မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦးက ဖတ်ကြားရာ သင်သည် ဆရာတစ်ဦးဖြစ်ခဲ့ပါလျှင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးနှင့် မိတ်ဖက်အဖွဲ့အစည်းများက သင့်အခွင့်အရေးကို ထောက်ပံ့ကာကွယ်ပေးနေကြောင်း၊ သင့်လုပ်ငန်းတာဝန်များ ကြီးလေးနေသည်ကို နားလည်ထားကြောင်း ယုံကြည်လိုက်ပါဟု ပြောကြားခဲ့သည်။
ထို့နောက် အ.လ.က ကျောင်းအိုင် မှ Grade 4 ကျောင်းသား ကျောင်းသူလေးများက "အနန္တငါးဖြာ”သီချင်းဖြင့် ဂါရဝပြုဖျော်ဖြေခဲ့ပြီး၊ မြို့နယ်အဆင့်အထက် တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံး ကဗျာဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနား ဒုတိယပိုင်းအစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဆရာ့ဂုဏ်ရည် မင်္ဂလာဩာဘာစာဖြင့် ဒေါ်အေးအေးကြည်မှ ချီးကျုးပူဇော်ခဲ့သည်။ အံ့ချီးမကူန် ဆရာ့ဂုဏ်ကို ဖွဲ့ဆိုညွှန်းပြု ရတုပိုဒ်ဖြင့် ဦးဝင်းနိုင် ကပူဇော်ခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးများအားလှူဘွယ်ဝတ္ထုများ လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ တပည့်အပေါင်းတို့က ကာယကံ၊ ဝစီကံ၊ မနောကံတို့မှ ခွင့်လွှတ်ပေးပါရန် လက်စုံချီမိုး ကန်တော့ခဲ့ကြပြီး၊ ဆရာကြီး၊ ဆရာမကြီးများက မေတ္တာဩဝါဒစကား ပြန်လည်ပြောကြားခဲ့သည်။ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားအတွက် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအေးလွင်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋတု သုံးကြိမ်ရွတ်ဆို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)