ဝါးခယ်မမြို့နယ် ကျုံပတုတ်ဝကျေးရွာသို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဝါးခယ်မ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံပတုတ်ဝကျေးရွာအုပ်စု၊ ကျုံပတုတ်ဝကျေးရွာ သိဒ္ဓိဇေရုံကျောင်းတိုက်အတွင်းရှိ ဓမ္မာရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက် ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တရားဉပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ရာတွင် (အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းရုံးရေး) စသည့် စစ်ကြောင်းကြီး ငါးကြောင်းမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများတွေ့ဆုံကာ နွေစပါး၊ ပဲတီစိမ်း၊ နေကြာ စသည့် စိုက်ပျိုးသီးနှံများ အောင်မြင်အောင် စိုက်ပျိုးကြရန်၊ သမဝါယမ ဦးစီးဌာနနှင့်ဆက်သွယ်၍ ကန်ထရိုက်လယ်ယာလုပ်ငန်း (Contract Farming)၊ အကျိုးတူလယ်ယာစနစ်ဖြင့် စပါးနှင့်ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်နိုင်မှု၊ နိုင်ငံတော် စီမံအုပ်ချုပ်‌ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ တရားဥပဒေအစီအမံများ၊ ကျေးလက်လမ်းများ ခင်းကျင်းရန်လျှာထားမှုများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကော်မရှင်ရုံးအဖွဲ့တို့ ပူးပေါင်း၍ ပုံစံ(၆၆/၆)နှင့် မှတ်ပုံတင်တို့ကို ကွင်းဆင်းပြုလုပ်ဆောင်ရွက်‌နေမှု၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများအား အသိပေးဆွေးနွေးခြင်း၊ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးအခြေအနေများနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မှုအား အသီးသီး အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း၊ လိုအပ်သော လုံခြုံရေးအစီအမံများ၊ ပြည်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် နေကြာစိုက်ပျိုးရန် လျာထားနေရာများအား ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)