ညောင်လေးပင် အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကရင်ဒုံးယိမ်းဖျော်ဖြေပွဲအခမ်းအနားကို သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ အခမ်းအနားဖွင့်လှစ်ကြောင်းကြေငြာပြီးနောက် နေပြည်တော်တွင် ကျင်းပမည့် ဆိုကရေးတီးပြိုင်ပွဲတွင် ခရိုင်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် ဒုံးယိမ်းအဖွဲ့မှ ကရင်ရိုးရာ ဒုံးယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဦးဇော်ထွန်းနိုင်၊ ညောင်လေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးအောင်ကျော်မိုး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဘုန်းမောင်တို့မှ ဆုချီးမြှင့်ငွေ ၇၅၀၀၀၀/- ကျပ်တိတိကို ကပြဖျော်ဖြေခဲ့သော ကရင်ရိုးရာဒုံးယိမ်းအဖွဲ့အား အသီးသီးချီးမြှင့်ပေးခဲ့ပြီး ဒုံးယိမ်းအဖွဲ့ခေါင်းဆောင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါကရင်ရိုးရာဒုံးယိမ်းဖျော်ဖြေပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်ဆက်