မြောင် အောက်တိုဘာ ၅
မြောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာဖတ်ရှိန် မြင့်မားစေရေးအတွက် မြို့နယ် (BookClup) နှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းကို နံနက်(၁၀) နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ထက်ထက်လင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ် (BookClup)အဖွဲ့ဝင် ဒေါ်ညိုညိုဝင်းက စာရေးဆရာ မောင့်မြင့်ကြွယ် ရေးသားသည့် 'အကြွင်းမဲ့ခေါင်းဆောင်မှုသဘောတရား" စာအုပ်ကို ဖတ်ကြား၍ စာပေချစ်သူစာပေမြတ်နိုးသူ (BookClup) အဖွဲ့ဝင်များက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ၊Talk Show ဆွေးနွေးပွဲများ။ စာဖတ်ဝိုင်းများကိုလစဉ် ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်