အ.ထ.က ပိုင်ကျုံကျောင်း၌ ကျောင်းဆောင်သစ် တည်ဆောက်ပြီးစီးမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပိုင်ကျုံ  အောက်တိုဘာ 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ Steel Structure ဖြင့် (ပေ ၁၂၀× ပေ ၃၀) ရှိ တစ်ထပ်ကျောင်းဆောင်သစ်တည်‌ဆောက်ခြင်းလုပ်ငန်း ပြီးစီးမှုအ‌ခြေအနေအား ယနေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကျောင်း‌ဆောင်သစ်သည် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ပညာရေးဝန်ကြီးဌာန၏ ခွင့်ပြု ရန်ပုံငွေကျပ် (၁၃၃.၂၀၀) သန်းဖြင့် ရှားမူလာကုမ္ပဏီမှ တာဝန်ရှိသူများတို့က ဇွန်လအတွင်းတွင် စတင်တည်ဆောက်ပေးလျက်ရှိပြီး သတ်မှတ်သည့် အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် ဒုတိယမြို့နယ်ပညာရေးမှူးက တာဝန်ခံအင်ဂျင်နီယာနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်‌ တွေ့ဆုံကာလိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။

ကျောင်းဆောင်သစ် တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီးပါက အ.ထ.က ပိုင်ကျုံကျောင်းတွင် ပညာလေ့လာသင်ယူနေသည့် ကျောင်းသားလူငယ်များအနေဖြင့် အဆင်ပြေစွာ ပညာသင်ကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)