ဆင်ပေါင်ဝဲ စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု များ မဖြစ်ပေါ်စေရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းများကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့နံနက် (၉) နာရီက ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ စစ္စေးချောင်း၊ မင်းကန်နှင့် သားပိုး ကျေးရွာတို့တွင် ကွင်းဆင်း၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေး ပန်ကြားချက်များ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာစေရန် ရပ်ကွက်/ ကျေးရွာ များအရောက် လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းနှင့် ကျန်ရှိနေသော ရပ်ကွက်/ ကျေးရွာများ တွင်လည်း အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ထံမှ သိရသည်။
ချိုချိုဝင်း(ပြန်/ဆက်)