မင်းလှ အောက်တိုဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဆင့် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီချိန်က အထက (မြို့တွင်း)ကျောင်း သပြေခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်ကဖတ်ကြားပြီး ကုလသမဂ္ဂလက် အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သည့် စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူးဒေါ်သန်းဌေးက ဖတ်ကြားခဲ့သည်။
ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အဖြစ် အသက်(၇၀)နှစ်အထက် ဆရာကြီး/ဆရာမကြီး(၉၀)ဦးအား တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းစီဖြင့် ပူဇော်ကန်တော့ခြင်းအစီအစဉ်ကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် တာဝန်ခံဆရာ၊ ဆရာမများက အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)