ငဖဲ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီရာသီ - သီးနှံဌာနခွဲ၊ ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တွင် တောင်ပေါ်ဒေသ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကော်ဖီတိုးချဲ့ စိုက်ပျိုးရေး စီမံချက်အား အထောက်အကူပြုစေရန် ရည်ရွယ်၍ ကော်ဖီပျိုးခင်း တည်ထောင်ခြင်းနှင့် ပျိုးထောင်ခြင်းလုပ်ငန်းများ စာတွေ့လက်တွေ့ ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကော်ဖီခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ပေါ်ကျေးရွာ(၁၀)အုပ်စုမှ ကော်ဖီစိုက်တောင်သူ (၅၆)ဦးတက် ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ငဖဲမြို့နယ် ကော်ဖီနည်းပညာ ဖွံ့ဖြိုးရေးခြံ (နတ်ရေကန်)တာဝန်ခံ ဦးဇော်သိန်း က လာမည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တောင်ပေါ်ဒေသတွင် ကော်ဖီစိုက်ဧက (၂၅၀၀)တိုးချဲ့စိုက်ပျိုးရန် လျာထားကြောင်း၊ ကော်ဖီပင်များ ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ရေး စီမံချက်ကို အထောက်အကူပြုစေရန် အတွက် ယခုကွင်း သရုပ်ပြပွဲကို ကျင်းပဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ တောင်ပေါ် ကျေးရွာအုပ်စုများတွင်လည်း ပျိုးထောင်နည်း များ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း အသိပညာပေး ရှင်းလင်းပြောကြားပြီး ကော်ဖီမျိုးစေ့ ပျိုးထောင်နည်း (၃)နည်း ဖြစ်သည့် ပလတ်စတစ် ပျိုးအိတ်များတွင် တိုက်ရိုက် မျိုးစေ့ချ ပျိုးထောင်နည်း၊ ပျိုးဘောင်ဖြင့် ပျိုးထောင်ပြီးမှ ပလပ်စတစ်အိတ်များသို့ ပျိုးပင်ငယ်များအား ပြောင်းရွှေ့ ပျိုးထောင်နည်းနှင့် အညှောင့်ဖောက် ပျိုးထောင် နည်းများကို ကော်ဖီခြံအတွင်း ကော်ဖီစိုက်တ ောင်သူများအား စာတွေ့လက်တွေ့ ပြသဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ (နတ်ရေကန်)တွင် ရေမြေရာသီဥတုနှင့် ကိုက်ညီသည့် အာရေဗီးကား (ဗီယက်နမ်) ကုန်းမြင့် ကော်ဖီမျိုးများကို ၂၀၀၂ ခုနှစ်က စတင်စိုက်ပျိုးခဲ့ရာ ယနေ့ထိ ဌာနစိုက်ဧက(၃၀)နှင့် ပုဂ္ဂလိက တောင်သူစိုက်ဧက (၁၀၅၅)ဧက စုစုပေါင်း (၁၀၈၅)ဧကရှိပြီး ကော်ဖီပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။
မယု(ငဖဲ)