နတ်မောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး နှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ နံနက်(၉) နာရီခန့် က တွင်းကြီးကျေးရွာ၊ ဖလန်ပင်ကျေးရွာ၊ ထုံးပေါက်ချိုင်းကျေးရွာ၊ တက်ဝန်(တောင်)ကျေးရွာ၊တက်ဝန်(မြောက်)ကျေးရွာ၊ ရှမ်းကုန်း ကျေးရွာတို့တွင် ကွင်းဆင်း၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များ၊ ရာသီအလိုက် ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများသိရှိလိုက်နာစေရန် ရပ်ကွက်/ ကျေးရွာများအရောက် လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများတွင်လည်း အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ် ဦးစီးမှူး ထံမှသိရသည်။
သင်းသင်းဝေ (နတ်မောက်)