ငါးသိုင်းချောင်းမြို့၌ ကျောင်းကြီးလမ်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေး

ငါးသိုင်းချောင်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ကျောင်းကြီးလမ်း (အရှည်ပေ ၆၉၀ ၊ အကျယ်ပေ ၁၅၊ ဒု ၈ လက်မ)အား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို သတ်မှတ်အတိုင်းအတာ၊ အရည် အသွေး၊ စံချိန်စံညွှန်းတို့နှင့် ပြည့်မီမှုရှိ/မရှိကို မြို့စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ယနေ့ညနေပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၂၆.၉.၂၀၂၂)ရက်နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့ရာ ကြည့်ရှုစစ်ဆေးချိန်အထိ လုပ်ငန်းအားလုံး၏ (၈၀%) ပြီးစီးနေပြီး လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက ကျောင်းသား၊ ကျောင်းသူများနှင့် အများပြည်သူ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည်ဖြစ်ပါသည်။

 ငါးသိုင်းချောင်း(ပြန်/ဆက်)