ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငါးသိုင်းချောင်းမြို့ အောက်တိုဘာ ၅

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ကျေးရွာစံညီစာကြည့်တိုက်များသို့ စာအုပ်များလှူဒါန်းခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ဌာနဆိုင်ရာများ ရပ်မိရပ်ဖများနှင့် ဆွေးနွေး တိုင်ပင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြ သည်။

ကျေးရွာစံညီစာကြည့်တိုက်များအတွက် စိုက်ပျိုးရေး မွေးမြူရေးနည်းလမ်းကောင်းများ စာအုပ်များကို မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးခင်ညွန့်က ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားကုန်းကျေးရွာရှိ သုတဝေဝေစာကြည့်တိုက်အတွက် သုတစာအုပ်(၂၅)အုပ်ကို ပြန်/ဆက် ဦးစီးမှူး ဒေါ်နှင်းယုဝေက ပေးအပ် လှူဒါန်းခဲ့ကာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ခိုင်မာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထား ရန်နှင့် ပြန်/ဆက်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်မည့် ကွန်ပျူတာသင်တန်းနှင့် အခြားအသက် မွေးဝမ်း ကြောင်းဆိုင်ရာ သင်တန်းများ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ရန်အတွက် ဆွေးနွေးတိုင်ပင်ညှိနှိုင်းသည့် အစည်း အဝေးကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)