သာပေါင်းမြိုနယ်တွင် ဆောင်းနေကြာ စိုက်ပျိုးတောင်သူများ Contract Farming စနစ်ဖြင့် အကျိုးတူ စိုက်ပျိုးရေး ကွင်းဆင်းဆွေးနွေးဆောင်ရွက်

သာပေါင်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုး တောင်သူများ Contract Farming စနစ်ဖြင့် အကျိုးတူစိုက်ပျိုးရေးအတွက် ကျေးရွာများ အရောက် အောက်တိုဘာလ ၃ ရက်နေ့က သွားရောက်အသိပညာပေးခြင်းများ ဆွေးနွေး ဆောင်ရွက်ကြသည်။
ထိုသို့ ဆောင်းနေကြာစိုက်ပျိုးရေး တောင်ကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာ၊ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း ဓမ္မာရုံနှင့် ရှမ္မမြောင်ကျေးရွာအုပ်စု၊ ရှမ္မမြောင်ကျေးရွာ၊ ရပ်မိရပ်ဖ‌နေအိမ်တို့တွင် မြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး ဦးသန့်ဇင်နှင့် ကော်မတီဝင်များနှင့် ရပ်ကျေးမှူး၊ တောင်သူများ တွေ့ဆုံ၍ ဆောင်းနေကြာ စိုက်ပျိုးနည်းစနစ်နှင့် ပတ်သက်၍ တန်းကြား ၂ ပေ၊ ပင်ကြား ၉ လက်မ အစေ့ချစိုက်ပျိုး (၁)ဧက ၃ ကီလိုနှုန်းဖြင့် စိုက်ပျိုးရေး အထွက်နှုန်းထား တစ်ဧက တင်း(၃၀)မှ(၃၅)တင်း ထွက်ရှိနိုင်ခြင်း ရက်ပေါင်း ၈၀ မှ ၈၅ ရက်တွင် ရိတ်သိမ်းနိုင်ခြင်း၊ ပိုးမွှား၊‌ ရောဂါ ကာကွယ်နည်းများ၊ ဆောင်းနေကြာ သီးသန့်စိုက်ကွင်းနှင့် သီးညှပ်အဖြစ် စိုက်ပျိုးနိုင်ခြင်း၊ တောင်သူများမှ Contract Farming စနစ်ဖြင့် အကျိုးတူစိုက်ပျိုးရေး၊ စိုက်ပျိုးရေးဌာနမှ ဆောင်းနေကြာ စိုက်ပျိုးရေးအတွက် မစိုက်ပျိုးမီ၊ စိုက်ပျိုးစဉ်၊ ရိုတ်သိမ်းချိန်တို့တွင် ဌာနဝန်ထမ်းများမှ အလှည့်ကြ ကွင်းဆင်း ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပညာပေး စည်းရုံးဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း