ဘောဂလိ၊ စက်တင်ဘာ ၁၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် တစ်ပိုင်တစ်နိုင်ဒူးရင်းယိုထိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဘောဂလိမြို့တွင် ဒေသထွက်သီးနှံများအနက် ဒူးရင်းသီးသည် တစ်ခုအပါအဝင်ဖြစ်၍ ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေချိန်ဖြစ်သောကြောင့် ဒူးရင်းသီးများဝယ်လိုအား ကျဆင်းလာကြောင်း သိရှိရသည်။ သို့ရာတွင် ဒေသခံများအနေဖြင့် ဒူးရင်းသီးများအား တစ်ပိုင်တစ်နိုင်ဒူးရင်းယိုထိုး၍ ရောင်းချခြင်းကြောင့် မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိရာ ဒူးရင်းယိုတစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲခန့်ရှိပြီး ဗူးများတွင်ထည့်၍ ဗူးအရွယ်အစားအလိုက် ဗူးသေးလျှင် ၄၀၀၀ ကျပ်၊ ဗူးကြီးလျှင် ၈၀၀၀ ကျပ် စသည်ဖြင့် အမျိုးမျိုး ရောင်းချပေးလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
နီလာအေး(ပြန်/ဆက်)