ကရသူရိ အောက်တိုဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့တွင်တစ်ပိုင်တစ်နိုင် ငရုတ်သီးစိုက်ပျိုး/ ရောင်းချမှုဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်းသိရသည်။
ငရုတ်ပင်ကို မိုးငရုတ်နှင့် ဆောင်းငရုတ်ဟူ၍ နှစ်မျိုးခွဲခြားလျက်ရှိပြီး မိုးငရုတ်ကိုသာ ဦးစားပေးစိုက်ပျိုး/ရောင်းချနေမှုနှင့် ပတ်သက်ပြီး “ဒီဘက်ဒေသကတော့ မိုးငရုတ်ကို တစ်နိုင်တစ်ပိုင် မိသားစုအပိုဝင်ငွေတစ်ခုအနေနဲ့ စိုက်ပျိုးကြတာပါ။ ဆောင်းငရုတ်ကိုကျတော့ အထက်အညာဒေသ တောင်သူတွေက ယာခင်းတွေမှာ နည်းစနစ်မှန်ကန်စွာနဲ့ အများဆုံးစီးပွားဖြစ်စိုက်ပျိုးကြတယ်။ မိုးငရုတ်ကျတော့ မိမိတို့ဒေသရာသီဥတုနှင့် ကိုက်ညီတဲ့အတွက် ကုန်ကျစရိတ်လည်း သက်သာလို့ အသီးထွက်နှုန်းလည်းကောင်းတယ်။ဒါကြောင်း ဒေသခံအများစုက မေလဆန်းတွင် ပျိုးထောင်မှုစတင်ပြီး ဇွန်၊ ဇူလိုင်လတွင် စတင်စိုက်ပျိုးရတယ်။ နှစ်လလောက်ကြာရင် အသီး ကောင်းကောင်းခူးဆွတ်ရောင်းချ လို့ရနေပြီလေ။ အဓိကတော့ ငရုတ်သီးစိမ်းအတွက် အစိမ်းရင့် ကိုဘဲခူးရောင်းကြတာ။ အမှည့်မခံဘူး။ ယခင်နှစ်တွေက နို့ဆီဗူး(၁)ဗူးကို(၄၀၀)ကျပ်သာရရှိပြီး ယခုနှစ်ကတော့ (၇၀၀)ကျပ်ရရှိတယ်။ အပင်ကြီး မျိုးဖြစ်လည်းဖြစ်တယ်။ သက်တမ်းကလည်း ကြာရှည်ခံတယ်။ အထက်အညှာဒေသကငရုတ်တွေနဲ့တော့ မတူဘူး။ တစ်ကြိမ်းခူးရင် တစ်ပင်ကိုအနည်းဆုံး နို့ဆီဗူး(၂)ဗူးရရှိပြီး အပင်အရေ အတွက်များရင် များသလောက် ဝင်ငွေရရှိတာပေါ့” ဟု ငရုတ်စိုက်ပျိုး/ ရောင်းချသူတစ်ဦးကပြောသည်။
အဆိုပါ ငရုတ်ကို တစ်ကြိမ်စိုက်ပျိုးခြင်းဖြင့် ကြာရှည်ပုံမှန်ဝင်ငွေရရှိကာ ဥယျာဉ်ခြံမြေနှင့် မြေ လွတ်၊ မြေရိုင်းတို့တွင် အများဆုံးစိုက်ပျိုးဖြစ်ထွန်းကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)