ကြာအင်းဆိပ်ကြီး အောက်တိုဘာ ၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇာခြည်ဝင်းက ကျောင်းသားကျောင်းသူများအား ကလေးအလုပ်သမားနှင့်ပတ်သက်၍အလုပ်ခန့်မည့်ကလေးများသည် အသက် (၁၄)နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ကြောင်း ၁၉၅၁ ခုနှစ် အလုပ်ရုံများအက်ဥပဒေ၊ ၂၀၁၆ခြနှစ် ဆိုင်ရာများနှင့် အလုပ်ဌာနများ ဥပဒေများဖြစ်သည့် ကလေးအလုပ်သမားများ၏ အလုပ်ချိန်ကန့်သတ်ချက်များ ကလေးအလုပ်သမားများ ပပျောက်ရေးရည်မှန်းချက် (၃)ရပ်နှင့် ကလေးအလုပ်သမားအဓိပ္ပာယ် ကလေးအလုပ်သမားများ၏ အသက်အရွယ်စသည်များအား ဟောပြောခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး(ပြန်/ဆက်)