ကန်ကြီးထောင့် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချစေရေး အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်စုံ ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ စက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက လိုက်လံ အသိပေးပြောကြား ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်သော ညွှန်ကြားချက်ဖြစ်သည့် မြို့နယ်စည်ပင် နယ်နိမိတ် အတွင်းရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် စက်တင်ဘာ ၁၅ ရက်မှ အောက်တိုဘာ ၁ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ဖွင့်လှစ်ရောင်းချသွားရန်၊ ထိုသို့ ရောင်းချရာတွင်လည်း ဆိုင်ထိုင်စားသောက်သည့်စနစ်အစား ပါဆယ်စနစ် (Take Away System) ဖြင့်သာ ရောင်းချသွားကြရန် ဆိုင်ပိုင်ရှင်များအား အသိပေးရှင်းလင်းပြောကြားပြီး သိရှိကြောင်း လက်မှတ်ရေးထိုးစေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းထိုက် (ပြန်/ဆက်)