ရှမ်းရွာသစ် အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ ဖြိုး ရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကွီးလေးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဇွန်လပထမပတ်မှစ၍ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာမှ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေးတိုးတက်ကောင်းမွန်လာကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းသည် အရှည် ၃၀၀ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၆လက်မရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ရန်ပုံငွေ ၄.၉ သန်းဖြင့် လုပ်ငန်းတာဝန်ရှိသူများက ဇွန်လပထမပတ်မှစ၍ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြည့်မီရေးအတွက် အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာတွင်းလမ်းသည် ယခင်ကမြေသား လမ်းဖြစ်ပြီး မိုးရာသီကာလတွင် တောင်ကျရေများ စီးဆင်းမှုကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲဖြစ်မှုအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ပြီးဖြစ်ကြောင်း၊ ယခုအချိန်တွင် ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး ပြီဖြစ်ရာ ကျေးရွာရှိအိမ်ခြေ ၇၃၈ အိမ်၊ အိမ်ထောင်စု ၇၃၉စု၊ လူဦးရေ (၄၈၁၂)ဦးတို့အတွက် အကျိုးပြုနိုင်သည့်အပြင် လမ်းပန်းဆက်သွယ် ရေးလည်း ယခင်ကထက် ပိုမိုကောင်းမွန်သည့်လမ်းဖြစ်လာကြောင်း ကျေးရွာအုပ်စုတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုရှိရာ လာမည့်ဘဏ္ဍာနှစ်တွင်လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချ ရေးရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)