ချောက် စက်တင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများအား လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး နံရံကပ်စာစောင်များပြသထား လျက်ရှိကြောင်းသိရသည်။
လူကုန်ကူးမှု တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှု ပုံစံများ၊ လူကုန်ကူးခံ ရနိုင်သူများ၊ လူကုန်ကူးမှုများပေါ်ပေါက်လာပုံ၊ လူကုန်ကူး မခံရစေရန် သတိပြုရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိသော ဆိုးကျိုးများ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ် များ၊ အသိပေးတိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များ၊ လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဆောင်ပုဒ်များ၊ ဓာတ်ပုံ များ၊ကာတွန်းများစသည့်တို့ကို ထည့်သွင်းပြသထားလျက်ရှိကြောင်း သိရသည်။
မချို(ပြန်/ဆက်)