ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းရွာသစ်   အောက်တိုဘာ  ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Woman Club)အဖွဲ့တို့ပူးပေါင်း၍ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ဇင်မိုးအေးက  ပြည်သူ များ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ် ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့(Woman Club)အဖွဲ့ဝင် ဒေါ်နော်ဝင်းစိန်က ကမ္ဘာ့ဆရာများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆရာ/မများ၏ အခန်းကဏ္ဍ၊ အနန္တဂိုဏ်းဝင်ဆရာများ၏ ဂုဏ်ကျေးဇူးများ၊ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ၊ နာသုံးနာ နှင့်အညီ ဆရာအားလုံးတို့၏ တပည့်များအပေါ် စွန့်လွှတ်ဖြည့် ဆည်းပေးဆပ်မှုများ စသည့်ဆရာ/များ၏ ဂုဏ်ကျေးဇူးများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများတိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေးဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်စီစဉ်ကျင်းပ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)