ရွှေကျင်မြို့တွင် (၁၇၁)ကြိမ်မြောက် မီးမျှောပွဲတော်တွင် ပူဇော်နိုင်ရေးအတွက် မီးကြာခွက်များကြိုတင်ပြင်ဆင်

ရွှေကျင် အောက်တိုဘာ

ရွှေကျင်မြို့တွင် (၁၇၁)ကြိမ်မြောက် မီးမျှောပွဲတော်တွင် မီးကြာခွက်များရောင်းချနိုင်ရေးအတွက် ရောင်စုံမီးကြာခွက်များအား ပညာ့ဗိမာန်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများကကြိုတင်ပြုလုပ်ဆောင်ရွက်နေကြကြောင်းသိရသည်။

ရွှေကျင်မြို့နယ် သီတင်းကျွတ်မီးမျှောပွဲတော်တွင် တက်ခုတ်၊ တက်ပျံ၊  ယိမ်းအကအလှများမပါဝင်သော်လည်း မြို့တွင်းနှင့်မြစ်အတွင်းပူဇော်ပွဲများကို စည်ကားစွာကျင်းပရန်ပြင်ဆင်လျက်ရှိသည်။

မြို့တွင်းနှင့်မြစ်အတွင်းပူဇော်ပွဲများတွင် ရောင်စုံမီးကြာခွက်များ ထွန်းညှိပူဇော်နိုင်ရေးအတွက် ပညာ့ဗိမာန်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများက ရောင်စုံမီးကြာခွက်(၅၀ဝဝဝ)ခန့်ပြုလုပ်ထားရှိပြီး မီးကြာခွက်တစ်ခွက်လျှင် ၁၅ဝ/-ကျပ်နှုန်းဖြင့် -၁၀-၂၀၂၂ ရက်နေ့မှ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပညာ့ဗိမာန်ပရဟိတဘုန်းတော်ကြီးကျောင်း တာဝန်ရှိသူထံမ ှသိရသည်။

မြို့နယ်(ပြန်/ဆက်)