ကော့ကရိတ်မြို့၌ ကမ္ဘ့ာဆရာများနေ့အထိမ်းအမှတ် အသိပညာပေး Talk Showပြုလုပ်

ကော့ကရိတ်  အောက်တိုဘာ  ၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးအငြိမ်းစားဝန်ထမ်းတို့ ပူးပေါင်း၍ အောက် တိုဘာ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show)ကို ယမန်နေ့နံနက် ၁၁နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိဒေါ်ခင်မျိုးဝင်းက အသိ ပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး၊ ကမ္ဘ့ာဆရာများနေ့နှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ပညာရေးအငြိမ်းစားဝန်ထမ်း ဒေါ်ခင်ကြူအေးက ကမ္ဘာ့ဆရာများနေ့ စတင်သတ်မှတ်ခဲ့ပုံ၊ ကျောင်းဆရာနှင့်ဆရာ ခွဲခြားသတ်မှတ်ထားရှိမှုများ၊ ဆရာဘဝတွင် ဆရာကျင့်ဝတ်(၅)ပါး၊ နာသုံးနာတို့နှင့်အညီ ခံယူ ချက်ထားကာ သင်ကြားခဲ့ပုံ၊ ငယ်စဉ်ဘဝ ပညာသင်ယူစဉ်က တပည့်ကျင့် ဝတ် (၅)ပါး နှင့်အညီ လိုက်နာပညာသင်ယူခဲ့ပုံများ၊ တာဝန်ထမ်းဆောင်စဥ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ များအား လိမ္မာယဥ်ကျေးအောင် သွန်သင်လမ်းညွှန်ဆုံးမပေးခဲ့မှုများ၊ ကလေးတွေကို ပြုစုပျိုးထောင်သည့်အခါ ဆရာ/ဆရာမများ၏ အခန်းကဏ္ဍ၏ အရေးပါမှုများ၊ ယနေ့ခေတ်သည် ပညာရေးခေတ်ဖြစ်သည့်အတွက် ပညာရေး ကဏ္ဍ၏ အရေးပါမှုများ၊ ဆရာကောင်းတစ်ယောက်ဖြစ်ရန် လိုက်နာကျင့်ကြံနေထိုင်ရမည့်အချက်များနှင့် ကမ္ဘာ့ဆရာများနေ့၌ ရရှိခဲ့သော အမှတ်တရများ အကြောင်းကို ဆွေးနွေးခဲ့ကြောင်းသိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)