သနပ်ပင်မြို့နယ်၌ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး/ ဆေးတိုက်ခြင်းလုပ်ငန်းဆောင်ရွက်

သနပ်ပင်   အောက်တိုဘာ   ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွားများရှိ အသက်(၂)လမှအသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ထိုးနှံပေးကြောင်းသိရသည်။

ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဆရာမများက  အသက်(၂)လမှအသက်(၁)နှစ်ခွဲ ကလေးငယ်များအား ကြက်ညှာချောင်းဆိုး၊ ဆုံဆို့နာ၊ ဦးနှောက်အ‌မြှေးရောင်ရောဂါ၊ အသည်းရောင်းအသားဝါ(ဘီ)စသည့် (၅)မျိုးစပ်ကာကွယ်ဆေးထိုးနှံခြင်း‌ ဆေးတိုက်ခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးနေကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို  မြို့နယ်ပြည်သူ့ဆေးရုံ၊ ရက်ကွက်/ကျေးရွာများရှိ ကျန်းမာရေးဆေးခန်းများတွင် လစဉ်လဆန်းရက်မှစတင်၍ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

လှမိုး(ပြန်/ဆက်)