အမာ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ မြို့မ(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးများထိုးနှံပေးရာတွင် အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးရသေးသော ပြည်သူများကို ကာကွယ်ဆေးပထမအကြိမ်နှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (၂)ကြိမ် ထိုးနှံပြီး စီးမှုကာလ (၆)လကြာပြီးသော ပြည်သူများကို ထပ်ဆောင်း ကာကွယ် ဆေး (Booster Dose) အဖြစ် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ရေးအတွက် ထိုးနှံပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် အမာမြို့၊ ကျေးလက်ကျန်းမာရေးဌာန၊ တာဝန်ခံ ဆရာမ ဒေါ်ခင်ချောစုထွေးနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးပြီးအမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက စနစ်တကျဆေးထိုးနိုင်ရန် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
အမာ (ပြန်/ဆက်)