ကလိန်အောင်မြို့တွင် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ကျွေးခြင်းများဆက်လက်ဆောင်ရွက်

ကလိန်အောင်  အောက်တိုဘာ    ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးသူငယ်များအား ကျန်းမာ ရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ဆေးတိုက်ကျွေးခြင်းကို‌ ယနေ့နံနက် ၉ နာရီ အချိန်က ကလိန်အောင်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းလုပ်ငန်းကို သူနာပြုဆရာမ ဒေါ်နီလာဝင်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ကလေ းသူငယ်များအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပေါင်ချိန်ခြင်း၊ စာရင်းရေးသွင်းခြင်း တို့ကိုဆောင်ရွက်ပေးခဲ့ပြီး မွေးကင်းစမှ အသက် (၁)နှစ်ခွဲအထိ ကလေးသူငယ်များကို ဆိုဆို့ကြက်ညှာချောင်းဆိုး၊ အသည်းရောင်သားအဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် ရောဂါစသည့် ငါးမျိုးစပ်ကာကွယ် ဆေးများကို သတ်မှတ်အကြိမ်တိုင်း ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေးတိုက်ကျွေးခြင်းနှင့် ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လူမင်းအောင်