ကျွန်းစု အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကလေးအလုပ်သမားလျှော့ချရေး အသိပညာပေး (Talk Show)ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး(Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးသန္တာဖြိုးက (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီနွဲ့က ကလေးအလုပ်သမားဆိုတာ ဘယ်လိုလူမျိုးတွေဖြစ်ကြောင်း၊ အခုဆို မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေ ဘယ်လောက်ရှိကြောင်း၊ အဲဒီကလေးအလုပ်သမားတွေဟာ ဘယ်လိုပုံစံမျိုးတွေနဲ့ အလုပ်လုပ်နေရကြောင်း၊ တစ်နိုင်ငံလုံးအနေနဲ့ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ ဆောင်ရန်၊ ရှောင်ရန်တွေ ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ရမည့်အကြောင်းကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးစိုးသွယ်