ဘုတ်ပြင်းမြို့ အမကကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း အောက်တိုဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်က ဘုတ်ပြင်းမြို့ ကမာချောင်းကျေးရွာ အခြေခံပညာမူလတန်းကကျောင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် ဘုတ်ပြင်းမြို့ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် သစ်ပင်များမှ လူကို ကျန်းမာရေးအကျိုးပြုမှုများ၊ ပလပ်စတစ်သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများနှင့် လေးထုညစ်ညှမ်းမှု မဖြစ်ပေါ်စေရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအနေဖြင့်  ကလေးသူငယ်နှင့်ပတ်သက်သည့် အခွင့်အရေးများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက စာအုပ်စာစောင် လေ့လာဖတ်ရှုခြင်းဖြင့် ရရှိမည့် အသိပညာဗဟုသုတများနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးများကို အသီးသီးဟောပြောခဲ့ကြသည်။

ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးနှင့် ကလေးသူငယ်များနှင့်ပတ်သက်သည့် အကြောင်းအရာများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)